မိုးကောင်းမြို့နယ်၌ ၆ နှစ်ခန့်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်
မိုးကောင်း၊ အောက်တိုဘာ ၈
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ အောက်တိုဘာ ၅ ရက်နေ့ ည (၁၀) နာရီခန့်က မ----(၆ နှစ်)ခန့်သည် နေအိမ်အခန်းတွင်း တစ်ဦးတည်း အိပ်ပျော်နေစဉ် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။
ယင်းနေ့ညက မ......သည် နေအိမ်အတွင်း တစ်ဦးတည်း အိပ်နေစဉ် ၎င်း၏ ဖခင်နာရေး ကိစ္စကို လာရောက်ကူညီသူ မိုးကောင်းမြို့ နယ် အထက်ရေရှင်ကျေးရွာနေ ကျော်ဇင်ဝင်း(ခ)ဖိုးသားနှင့် မိုးကောင်းမြို့ ကျွန်းတောရပ် ကွက်၊ ဖိုးချစ်ကုန်းစုနေ အောင်ပန်းဝေတို့က အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းသို့ တိုင်တန်းချက် အရ သိရသည်။
အဆိုပါ အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ် အပေါ့သွားရာမှ မိန်းမကိုယ်မှ နာကျင်နေကြောင်း မိခင်ဖြစ်သူကို ပြောပြခဲ့၍ ကြည့်ရှုရာ မိန်းမကိုယ်မှာ ယောင်ရမ်းနေကြောင်းတွေ့ရှိရပြီး သမီးဖြစ်သူကို ချော့မော့မေးမြန်းရာမှ သားမယားအဖြစ်ပြုကျင့်ခံရကြောင်းသိရသဖြင့် ယင်း အဓမ္မပြုကျင့်ခဲ့သူ နှစ်ဦးကို ဥပဒေအရ အရေးယူပေးရန် အောက်တိုဘာ (၇)ရက်နေ့က မိုးကောင်းမြို့မရဲစခန်းသို့လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သက်သေခံပစ္စည်းများကို သိမ်းဆည်း၍ ကျော်ဇင်ဝင်း(ခ)ဖိုးသား (၂၆နှစ်) နှင့် အောင်ပန်းဝေ(ခ)ဆွတ်ဆူး (၁၈နှစ် )တို့နှစ်ဦးကို မိုးကောင်းမြို့မရဲစခန်းတွင် (ပ)၇၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ -၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Comments
Post a Comment